ETS အင်္ဂလိပ်စာ စာမေးပွဲတွေ ဗြိတိန် ရပ်တန့်

  • 10 ဖေဖော်ဝါရီ 2014
Image caption စာမေးပွဲတွေမှာ မသမာမှုတွေကို ဘီဘီစီက လျှို့ဝှက် ဗီဒီယို ရိုက်ယူးခဲ့

ကမ္ဘာ့ အကြီးဆုံး ဘာသာစကား စာမေးပွဲ စစ်ဆေးတဲ့ လုပ်ငန်းကြီးက ပြုလုပ်ပေးတဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေကို ဗြိတိန် အစိုးရက ရပ်တန့် လိုက်ပါတယ်။

ဗြိတိန် နိုင်ငံမှာ ကျောင်းသား အဖြစ် ပညာသင်ခွင့် ဗီဇာ ရအောင် လုပ်တဲ့ စနစ်မှာ မသမာမှုတွေ စနစ်တကျ ပြုလုပ်တာ ရှိတယ်လို့ ဘီဘီစီက စုံစမ်း သိရှိခဲ့ပြီးတဲ့နောက် အခုလို ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။

အစိုးရ အသိအမှတ်ပြု အင်္ဂလိပ်စာ စာမေးပွဲတွေမှာ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်မှု အပါအဝင် မမှန်မကန် လုပ်မှု အမျိုးမျိုးကို ဘီဘီစီက သုတေသန ပြုသူတွေက လျှို့ဝှက် ဗီဒီယို ရိုက်ကူးခဲ့ကြပါတယ်။

ဗီဇာ လျှောက်ထားဖို့ရာ လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွေကို ETS စာစစ် လုပ်ငန်းကြီးက ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

အခု စာစစ်မှုတွေကို ဆိုင်းငံ့မှု မတိုင်ခင်ကတော့ မမှန်မကန် လုပ်မှုတွေ ရှားပါးကြောင်းနဲ့ ETS အနေနဲ့ အတတ်နိုင်ဆုံး ဒါတွေကို တားဆီးနိုင်အောင် ပြုလုပ်ကြောင်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ