တရုတ်နဲ့ ထိုင်ဝမ် ဆက်ဆံရေး ပြန်တည်ဆောက်မယ်

  • 11 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၄၉ နောက်ပိုင်း ပထမဆုံး တွေ့ဆုံမှု

တရုတ်နိုင်ငံမှာ ၁၉၄၉ ခုနှစ် ကွန်မြူနစ် အစိုးရ တက်လာပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ထိုင်ဝမ်နဲ့ အစိုးရချင်း ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပြီး နောက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမို ကောင်းမွန်လာအောင် လုပ်ဖို့ကို သဘောတူခဲ့ကြပါတယ်။

ရှေ့ဆက်ပြီး တရုတ်နဲ့ ထိုင်ဝမ် နှစ်နိုင်ငံ အစိုးရဌာနတွေ အကြား ပုံမှန် ဆက်ဆံရေး တည်ဆောက်ကြမှာ ဖြစ်ပါတယ်။

တရုတ် မူဝါဒရေးရာ တာဝန်ခံ ထိုင်ဝမ် အစိုးရ ဝန်ကြီးဟာ သူ့ရာထူး အဆင့်ရှိ တရုတ်ဝန်ကြီးနဲ့ တရုတ်ပြည်မ အရှေ့ဘက် နန်ဂျင်းမြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ခွဲထွက် ပြည်နယ် တခုအဖြစ် အသိအမှတ်ပြုထားတာ ဖြစ်ပြီး အရင်ကတော့ နှစ်ဘက် စေ့စပ် ညှိနှိုင်းမှုတွေကို အစိုးရ အရာရှိတွေ အချင်းချင်း တိုက်ရိုက် ပြုလုပ်ခဲ့တာ မဟုတ်ပါဘူး။

ထိုင်ဝမ် ဝန်ကြီးကတော့ သူ့ရဲ့ ၄ ရက်ကြာ ခရီးစဉ်ဟာ နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ရမယ့် ဆက်ဆံရေး တိုးတက်မှုမျိုးတွေကို ရရှိလိုက်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ