Thames မြစ်ရေလျှံလို့ အိမ်အများအပြား ရေမြုပ်

  • 12 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အင်္ဂလန်တောင်ပိုင်းက အိမ်တွေ ရေမြုပ်

မိုးအကြီးအကျယ် ရွာသွန်းကာ ဆိုးရွားတဲ့ ရာသီဥတုဒဏ် သီတင်းပတ်ပေါင်းများစွာ ခံနေရတဲ့ အင်္ဂလန်တောင်ပိုင်းမှာ ရေကြီးမှုကို အဖွဲ့အစည်းပေါင်းစုံက ဖြေရှင်းဖို့ ရုန်းကန် ကြိုးစားနေကြပါတယ်။

ဒါဟာ ၁၇၇၆ ခုနှစ် ဇန္နဝါရီ နောက်ပိုင်း မိုးအများဆုံး ရွာသွန်းမှုနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်း ကတည်းက ထောင်နဲ့ချီတဲ့ အိမ်တွေ ရေလွှမ်းခံနေရတာ ဖြစ်ပြီး အကူအညီမဲ့ ၊ သူတို့အိမ်ကို ရေမဝင်အောင် ကိုယ့်ဖာသာကိုယ် ကြိုးပမ်းနေရတယ်လို့ ဒေသခံတွေက အာဏာပိုင်တွေကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။

အောက်စဖို့ဒ်နဲ့ လန်ဒန်ကြားက Thames မြစ် တလျှောက် ဒေသတွေမှာ ဆိုးဆိုးရွားရွား ရေကြီးမယ့် သတိပေးချက် ၁၄ကြိမ် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဲဒီလောက် ကြေညာတယ် ဆိုတာဟာ လူတွေကို ထိခိုက်နိုင်တယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ကတော့ ရေဘေးသင့် ဒေသက လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဆိုရင် ငွေကို ငြင်းချက်မရှိ သုံးစွဲခွင့်ပေးမယ့်လို့ ဆိုပါတယ်။