အိန္ဒိယကို အိုလံပစ် မိသားစုမှာ ပြန်ဝင်ခွင့်ပြု

  • 11 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption အိန္ဒိယ အိုလံပစ်အဖွဲ့ လန်ဒန် အိုလံပစ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့စဉ်။

အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာ အိုလံပစ် မိသားစုကို ပြန်ဝင်ခွင့် ရလိုက်တာကြောင့် ဆိုချီ အိုလံပစ်ပွဲမှာ သီးခြား လွတ်လပ်တဲ့ အားကစားသမားတွေ အဖြစ် ဝင်ပြိုင်နေရတဲ့ အိန္ဒိယ အားကစား သမားတွေဟာ အခုတော့ သူတို့ နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နိုင်ခွင့် ရသွားကြပါပြီ။

အိန္ဒိယ အိုလံပစ်အဖွဲ့ အရာရှိတွေဟာ အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် နိုင်ငံတကာ အိုလံပစ် ကော်မတီကနေ အိန္ဒိယ အဖွဲ့ကို ပြီးခဲ့တဲ့ ၁၄ လ တုန်းက ပယ်ထုတ်ထားတာ ဖြစ်ပါတယ်။

အခုတော့ အိန္ဒိယ အိုလံပစ် အဖွဲ့ဟာ နိုင်ငံတကာ စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ဘုတ် အဖွဲ့တခုကို ရွေးကောက် တင်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဆိုချီ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ ပါဝင်တဲ့ အိန္ဒိယက အားကစား သမား ၃ ယောက်ဟာ ဖွင့်ပွဲတုန်းက အိုလံပစ် အလံကိုသာ ကိုင်ဆောင်ကာ အားကစား ဝင်းထဲကို ဝင်ခဲ့ရပြီး ပိတ်ပွဲအခမ်းအနားမှာတော့ သူတို့ဟာ အိန္ဒိယ အလံကို ကိုင်ဆောင်ခွင့် ရကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ