ဗဟိုအာဖရိက သမ္မတနိုင်ငံမှာ လူမျိုးရေး တိုက်ခိုက်မှုကို နှိမ်နင်းသွားမယ်

  • 13 ဖေဖော်ဝါရီ 2014
သမ္မတ Catherine Samba Panza

ဗဟိုအာဖရိက သမ္မတ နိုင်ငံ မြို့တော် ဘွန်ဂီမှာ လတ်တလော ဖြစ်နေတဲ့ ခရစ်ယာန် စစ်သွေးကြွက မွတ်ဆလင်တွေကို တိုက်ခိုက်နေမှုတွေကို နှိမ်နင်းသွားမယ်လို့ သမ္မတ Catherine Samba Panza က သန္နိဋ္ဌာန် ချမှတ်လိုက်ပါတယ်။

အခုဆိုရင် ဘာလခါ ဆန့်ကျင်ရေးသမားတွေလို့ လူသိများတဲ့ ခရစ်ယာန် စစ်သွေးကြွတွေဟာ သူတို့ရဲ့ မူလ ရည်ရွယ်ချက် ဖြစ်တဲ့ မိမိမျိုးနွယ်တွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရေးထက် သတ်ဖြတ် ၊ လုယက်မှုတွေ လုပ်လာတယ်လို့ မစ္စက် ဆမ်ဘာ ပန်ဇာက ပြောပါတယ်။

သောင်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာ ဘွန်ဂီမြို့ကနေ နယ်စပ်ဒေသတွေဆီ ထွက်ပြေးနေရပါတယ်။

ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ အကူအညီ လေယာဉ် ပထမဆုံး အကြိမ် နိုင်ငံတွင်းကို ပထမဆုံးကြိမ် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ