ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်ဆုံး ဆွေးနွေးမှု စတင်

  • 12 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ၆ နှစ်အတွင်း အဆင့်မြင့်ဆုံး ဆွေးနွေးပွဲဖြစ်

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံက အရာရှိတွေဟာ ၆ နှစ်အတွင်း နှစ်နိုင်ငံကြား အဆင့်အမြင့်ဆုံး ပြောဆို ဆွေးနွေးမှုတွေကို နှစ်နိုင်ငံ နယ်စပ်က ကျေးရွာ တစ်ရွာမှာ စတင်နေကြပါတယ်။

နှစ်ဘက် ကိုယ်စားလှယ်တွေ တစ်ဦးနဲ့ တစ်ဦး နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ် အားလုံးကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက စောစောပိုင်းက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် တရုတ်နိုင်ငံက မြန်မြန်ဆန်ဆန် စီစဉ်ကျင်းပခဲ့တဲ့ အခု ဆွေးနွေးပွဲကို ကြိုဆိုခဲ့ပါတယ်။

အခုလ နှောင်းပိုင်း လုပ်ဖို့ စီစဉ်ထားတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင်မှုတွေကို စီစဉ်ထားသလို ဆက်လုပ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယား တို့ရဲ့ သတိပေးချက် ထွက်လာခဲ့ ပြီးတဲ့နောက် အခုလို ဆွေးနွေးပွဲ ကျင်ပဖို့ မြောက်ကိုးရီးယားက တောင်းဆိုခဲ့တာလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ