အစားအသောက် ထရပ်ကား ၂စီး ဟုမ်းစ်မြို့ ရောက်ရှိ

  • 12 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption Homs မြို့ခံအချို့ကို ကယ်ထုတ်စဉ်။

ဆီရီးယားနိုင်ငံ ဟုမ်းစ်မြို့ကို အစားအသောက် တွေ တင်ဆောင်လာတဲ့ ထရပ်ကား ၂ စီး ရောက်လာခဲ့တယ်လို့ အဲဒီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နောက်ပြီး မြို့ထဲကနေ အရပ်သားတွေကို သယ်ထုတ် သွားဖို့ အနီးအနားမှာ ဘတ်စ်ကားတွေ စောင့်ဆိုင်းနေ ကြတယ်လို့ ဆိုပါတယ်။

ယာယီ အပစ်အခတ်ရပ်စဲ ထားခဲ့တာဟာ ဒီကနေ့ နောက်ဆုံး လို့ ယူဆရပါတယ်။

ဒါပေမယ့် ပိုပြီး ထိခိုက် နိုင်တဲ့ ကလေး၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကို သယ်ထုတ်နိုင်ဖို့အတွက် လိုအပ်ရင် လိုအပ်သလို တတ်နိုင်သမျှ အပစ်အခတ် ရပ်စဲထားဖို့ ကြိုးစားမယ်လို့ ဟုမ်းစ် အုပ်ချုပ်ရေးမှုးက ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။

အခုလို လုပ်နေတာဟာ လက်နက်ကိုင် ဆန့်ကျင်သူတွေကို ထွက်ပြေးနိုင်ခွင့်ရအောင် လုပ်နေတာလို့ အစိုးရကို ထောက်ခံသူတချို့က မြင်ကြတဲ့အတွက် ပိုပြီး စိတ်ဆိုး ဒေါသထွက် လာနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဟုမ်းစ်မြို့ကနေ ထွက်မယ့် လူငယ်တွေကို အာဏာပိုင်တွေက စစ်ဆေး မေးမြန်းဖို့ ခေါ်သွားထာကြောင့် လက်နက်ကိုင် အစိုးရ ဆန့်ကျင်သူတွေ ကိုယ်တိုင်လည်း ဒေါသထွက်နေကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ