တိုယိုတာကား ၂ သန်းနီးပါး ပြန်ရုပ်သိမ်းမယ်

  • 12 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆော့ဖ်ဝဲ ချို့ယွင်းချက်ကြောင့် ကားကို ရုတ်တရက် နှေးကွေးသွားစေနိုင်။

ဂျပန်နိုင်ငံက တိုယိုတာ ကားကုမ္ပဏီက ဆော့ဖ်ဝဲ ချို့ယွင်းချက် ရှိနေတာကြောင့် သူတို့ ထုတ်လုပ်တဲ့ PRIUS ပရီးယပ်စ် အမျိုးအစား ကားစင်းရေ ၂ သန်း နီးပါးကို ပြန်ရုပ်သိမ်း မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ကား အများစုကို ဂျပန်နဲ့ မြောက်အမေရိကမှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲ ချို့ယွင်းချက်ကြောင့် ကား မတော်တဆ ဖြစ်မှုတွေ မရှိပေမယ့် ကားကို ရုတ်တရက် နှေးကွေးသွား စေနိုင်တယ်လို့ တိုယိုတာ ကားကုမ္ပဏီ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

အခုလို ကားတွေ ပြန်ရုပ်သိမ်းရတာဟာ ကမ္ဘာ့ အရောင်းရဆုံး တိုယိုတာ ကားကုမ္ပဏီအတွက် နောက်ဆုံးဖြစ်ခဲ့တဲ့ ထိခိုက် နစ်နာမှု ဖြစ်ပါတယ်။

အရင်ကလည်း ပရီးယပ်စ် ကားရဲ့ လောင်စာဆီ အသုံးနည်းအောင် လုပ်တဲ့ နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင့် ၂ကြိမ်တိုင် ရုပ်သိမ်းခဲ့ရဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ