ငှက်နဲ့ သစ်ပင်တွေ မြို့ပြနဲ့ လျော်ညီစွာ ရှင်သန်နိုင်

  • 12 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption နယူးယောက်မြို့မှာ တွေ့ရတဲ့ ကြက်ဆင်တစ်ကောင်။

ငှက်နဲ့ သစ်ပင် မျိုးစိတ် အများအပြားဟာ ကမ္ဘာတဝှမ်း မြို့ပြ တည်ဆောက်မှု အဆင့် အမျိုမျိုးနဲ့ လိုက်လျောညီထွေ ရှင်သန် နေထိုင်နိုင်ကြတာကို တွေ့ရှိရတယ်လို့ လေ့လာမှု အသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။

ငှက်မျိုးစိတ် ၂၀ ရာခိုင်နှုန်းလောက်ဟာ မြို့ပြတွေမှာ ရှင်သန် နေထိုင်နေကြဆဲ ဆိုတာ တွေ့ရှိရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒီအရေအတွက်ဟာ ဖွံ့ဖြိုးမှု မရှိတဲ့ နေရာတွေမှာ ရှိတဲ့ ငှက်အရေအတွက်ထက် နည်းပေမယ့် ဒီအချက်ဟာ သစ်ပင်နဲ့ ငှက်တွေ နေထိုင် ကျက်စားနိုင်မယ့် စိမ်းလန်းစိုပြေတဲ့ နေရာတွေကို မြို့ပြတွေမှာ ထိန်းသိမ်းထားဖို့ အရေးကြီးတယ် ဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

သစ်ပင်မျိုးစိတ် အများအပြားဟာ ရေလွှမ်းမှုကို အကာအကွယ်ပေးတာမျိုး၊ ရေကောင်းရေသန့် ရရှိအောင် အထောက်အကူ ပြုနိုင်တာမျိုးတွေ လုပ်နိုင်တဲ့အတွက် မြို့ပြဘဝ ရှင်သန်ရေးကို ပံ့ပိုးပေးနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ