အကျဉ်းသား ၆၅ ယောက် အာဖဂန် သမ္မတ လွှတ်ပေး

  • 13 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်ပေးလိုက်သူတွေဟာ အပြစ်ကင်းသူတွေလို့ ဟာမစ်ကာဇိုင်း ဆို

အာဖဂန် နစ္စတန် သမ္မတ ဟာမစ် ကာဇိုင်းရဲ့ အမိန့်အရ အကျဉ်းသား ၆၅ ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီထဲက အများစုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေနဲ့ အာဖဂန် တပ်ဖွဲ့တွေကို သတ်ဖြတ်မှုတွေနဲ့ ဆက်စပ်နေသူတွေ ဖြစ်တယ်လို့ အမေရိကန် ဘက်က ပြောနေတာ ဖြစ်ပါတယ်။

အဲဒီလူတွေ အတော်များများဟာ ဗုံးဖောက်ခွဲမှု၊ တခြားတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေတယ် ဆိုတဲ့ အထောက်အထား အခိုင်အမာ ရှိတယ်လို့ အမေရိကန် ဘက်က ပြောပါတယ်။

ဒါပေမယ့် သမ္မတ ကာဇိုင်းကတော့ အကျဉ်းသား အများစုဟာ အပြစ်ကင်းစင်သူတွေ ဖြစ်ပြီး အတော်များများဟာ ကလေးငယ်တွေ ဒါမှ မဟုတ် အသက် အရွယ်ကြီးရင့်သူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

လေတပ် အခြေစိုက် စခန်း ရှိရာ Bagram အကျဉ်းထောင်ဟာ တာလီဘန်တွေ ကို မွေးထုတ်ရာ နေရာ ဖြစ်နေတယ်၊ ညှဉ်းပမ်း နှိပ်စက် ခံရတဲ့ အပြစ်မဲ့ အာဖဂန် တွေဟာ သူတို့ နိုင်ငံကို မုန်းတီးသွားကြတယ်လို့ လည်း မစ္စတာ ကာဇိုင်းက ပြောပါတယ်။

ကာဘူးလ် မြို့တော်က အမေရိကန် သံရုံးကတော့ အခုလို လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ဟာ အတော်ကို စိတ်ပျက်စရာပဲလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ