ကရာချိ ဗုံးခွဲမှုကြောင့် ရဲ ၁၁ ဦးကျော် သေ

  • 13 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဖောက်ခွဲမှု အပြီး ရဲဝန်ထမ်းတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား။

ပါကစ္စတန် နိုင်ငံ တောင်ပိုင်း ကရာချိ မြို့မှာ ဗုံးခွဲ တိုက်ခိုက်မှု တစ်ရပ်ကြောင့် ရဲအရာရှိ ၁၁ ယောက် ထက်မနည်း သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

လူမပါတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားကို ရဲဝန်ထမ်းတွေ လိုက်ပါ လာတဲ့ ဘတ်စ်ကား ဖြတ်သွားချိန်မှာ အဝေးထိန်း ခလုပ်နဲ့ ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ သူတို့ လက်ချက် ဆိုတာ ထုတ်ဖော် မပြောကြသေး ပါဘူး။

ကရာချိ မြို့မှာ နိုင်ငံရေး ပြဿနာတွေ၊ စစ်သွေးကြွနဲ့ ဂိုဏ်းဂဏကွဲတွေရဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့တာ အချိန်အတော် ကြာခဲ့ပြီ ဖြစ်ပြီး စစ်သွေးကြွ တိုက်ခိုက်ရေး သမားတွေနဲ့ ဒုစရိုက် ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ ရဲတွေ ရာနဲ့ချီပြီး သေဆုံးခဲ့ကြ ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ