ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ စာရင်းကောက်

  • 14 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Google
Image caption ကော့ဆက်ဘဇား ဒေသမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၃ သောင်းလောက်ရှိတယ်လို့ ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စာရင်းကောက်ယူပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းထဲမှာ ကုလသမဂ္ဂက ရိုဟင်ဂျာလို့ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၃ သောင်း ရှိနေပြီး စခန်းအပြင်ဘက် မှာလည်း ဒီလို ဒုက္ခသည်တွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

ဒီဒုက္ခသည်တွေကို သူတို့ဟာ မြန်မာနိုင်ငံက ဟုတ် မဟုတ် ဆိုတာကို အရင် စိစစ်ပြီး စာရင်းကောက်ခံ သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အထူးသဖြင့် ကော့ဆက်ဘဇား ဒေသမှာ မြန်မာနိုင်ငံသား ဘယ်လောက်ရှိလဲ၊ သူတို့ဟာ ဘယ်သူတွေလဲ၊ ဘယ်နေရာက လာတာလဲ စတာတွေကို စိစစ်မယ်၊ စာရင်းကောက်ပြီးရင် လူသားချင်း စာနာမှုဆိုင်ရာ လူမှုရေးဆိုင်ရာ အကူအညီတွေ ပေးမယ်လို့ သူက ပြောပါတယ်။

နောက်ပြီး စခန်းထဲက လူတွေကိုရော အပြင်မှာရှိနေတဲ့ စာရွက်စာတမ်း မရှိတဲ့ လူတွေကိုပါ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ဖို့အတွက် မြန်မာ အစိုးရနဲ့ အပြန်အလှန် ပြောဆို ဆွေးနွေးသွားမယ် လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ