အင်ဒိုနီးရှား မီးတောင်ပေါက် လူ သိန်းချီ ကယ်ထုတ်ရ

  • 14 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လေဆိပ် ၃ ခုကိုပါ ပိတ်ထားလိုက်ရ

အင်ဒိုနီးရှားနိုင်ငံ ဂျဗားကျွန်းက ကလုဒ် မီးတောင် ပေါက်ကွဲခဲ့တဲ့နောက် လူးဦးရေ ထူထပ်တဲ့ ဂျာဗားကျွန်းကနေ သိန်းချီတဲ့ လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ပေး နေပါတယ်။

ကီလိုမီတာ ၅၀၀ လောက် ဝေးတဲ့ ရွာတွေ မြို့တွေအထိ မီးတောင်က ထွက်တဲ့ ပြာတွေနဲ့ ဖုံးနေခဲ့ပြီး အဝေးကို မြင်နိုင်စွမ်း မရှိတာကြောင့် အဓိက လေဆိပ် ၃ ခုကို ပိတ်ထားလိုက်ရပါတယ်။

အိမ်တွေပေါ် မီးတောင်က ထွက်တဲ့ ချော်ရည် ချော်မှုန့်တွေ ပိတာကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့ပါတယ်။

၁၅၆၈ ခုနှစ်က ကလုဒ် မီးတောင် အကြီးအကျယ် ပေါက်ကွဲခဲ့တာကြောင့် ထောင်နဲ့ချီ သေဆုံးခဲ့ရဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ