ဘန်ကောက် သပိတ်စခန်းတွေကို ရဲက စတင် ဖျက်နေ

  • 14 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရရုံး အနီးက စခန်းတွေကို ဖျက်ဆီးစဉ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လနဲ့ ချီ ဆန္ဒပြ နေတဲ့ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေသူတွေရဲ့ သပိတ်စခန်းတွေကို ထောင်နဲ့ချီတဲ့ ရဲတွေက စပြီး ဖျက်နေပါတယ်။

အစိုးရရုံး အနီးတဝိုက်က သပိတ်စခန်းတွေကို ဖျက်ရာမှာ ခုခံမှုတွေ မရှိသလောက် ဖြစ်ပေမယ့် တခြားနေရာတွေမှာ ဆန္ဒပြသူတွေရဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် စခန်းတွေကို မရှင်းလင်းနိုင်ခဲ့ပါဘူး။

ဝန်ကြီးချုပ် ယင်လပ် ရှင်နဝပ် အစိုးရကို နှုတ်ထွက်ဖို့ တောင်းဆိုတဲ့ အဲဒီ ဆန္ဒပြသူတွေဟာ အစိုးရ ဝန်ကြီးဌာန အနီးတဝိုက်နဲ့ ဘန်ကောက်မြို့က အဓိကကျတဲ့ လမ်းဆုံ လမ်းခွတွေမှာ ယာယီစခန်းတွေ ချပြီး ပိတ်ဆို့ ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။

မစ် ယင်လပ်က နှုတ်ထွက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ကန့်ကွက် ဆန္ဒပြပွဲတွေကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ဘဲ ရှိနေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ