"Black Coal, Thin Ice" တရုတ်ကား Golden Bearဆုရ

  • 15 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မင်းသားဆုနဲ့ အကောင်းဆုံး ဇာတ်ကားဆုရ Black Coal Thin Ice က အဖွဲ့သားများ

တရုတ် ရုပ်ရှင်ဇာတ်ကား "Black Coal, Thin Ice" ဟာ ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇတ်ကားဆုရပြီး Golden Bearဆု ချီးမြှင့် ခံခဲ့ရပါတယ်။

ဒါရိုက်တာ Diao Yi Nan ရိုက်ကူးတဲ့ ဒီဇာတ်ကားမှာ Liao Fan က အကောင်းဆုံး မင်းသား ဆု ဆွတ်ခူးခဲ့ပါတယ်။

ဒီဇာတ်ကားမှာ ရဲဝန်ထမ်းဟောင်း တယောက်က စုံထောက် အဖြစ် လျှို့ဝှက် သည်းဖို လူသတ်မှု အတော်များများကို စုံစမ်းဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး ဒါရိုက်တာ ဆု ဖြစ်တဲ့ Silver Bear ကိုတော့ "Boyhood" ဇာတ်ကား ရိုက်ကူးတဲ့ Richard Linklaterက ရရှိသွားပါတယ်။

ဒီဇာတ်ကားကတော့ ၁၂ နှစ်တာ ကာလအတွင်း မူလတန်းကနေ တက္ကသိုလ် ရောက်တဲ့ထိ လူငယ်လေး တယောက်ရဲ့ ဘ၀နဲ့ သူ့မိသားစု အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ