"Twelve Years a Slave " က အကောင်းဆုံး ဇာတ်ကားဆု ရ

  • 17 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင်
Image caption BAFTA ဗြိတိသျှ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကျင်းပခဲ့

မနေ့ညက လန်ဒန်မှာ ကျင်းပခဲ့တဲ့ ဗြိတိသျှ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲမှာ Steve McQueenရိုက်ကူးတဲ့ "Twelve Years a Slave " က အကောင်းဆုံး ဇာတ်ကားဆု ရသွားပါတယ်။

အဲဒီကားက မင်းသား Chiwetel Ejio က အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ရခဲ့ပြီး အာကာသ ဆိုင်ရာ ဇတ်ကား 'Gravity' ရိုက်ကူးသူ Alfonso Cuaron က ဒါရိုက်တာဆု ဆွတ်ခူးခဲ့ပါတယ်။

မင်းသမီး ဆုကိုတော့ ဝူဒီ အယ်လန် ရိုက်ကူးတဲ့ Blue Jasmine ကားက မင်းသမီး Cate Blanchett ကိတ် ဘလန့်ချက် က အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

တခါမှ သရုပ်မဆောင်ဖူးတဲ့ ဆိုမာလီဖွား အမေရိကန်မှာ နေထိုင်သူ Barkhad Abdi က ပင်လယ်ဓါးပြ ရုပ်ရှင် 'Captain Philips' ကားမှာ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ဆွတ်ခူးခဲ့ပါတယ်။

အော်စကာ ဆုပေးပွဲ မတိုင်ခင် နှစ်ပတ် အလိုမှာ ကျင်းပလေ့ရှိတဲ့ ဒီ BAFTA ရုပ်ရှင် ဆုတွေဟာ အော်စကာပွဲအတွက် ကြိုတင် ဟောကိန်း သဘောမျိုး ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူလေ့ ရှိကြတာ ဖြစ်ပါတယ်။