ဆီးရီးယား အစိုးရကို ဆက်ကူတိုက်ပေးသွားမယ်လို့ ဟစ်ဇဘိုလာပြော

  • 17 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဟစ်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallah

ဆီးရီးယား ပြည်တွင်းစစ်မှာ အစိုးရ တပ်တွေ အတူ ဆက်လက် တိုက်ပွဲဝင် သွားမယ်လို့ လက်ဘနွန်က ရှီးယားလှုပ်ရှားမှု Hezbollah ခေါင်းဆောင် Hassan Nasrallah က ပြောကြားလိုက်ပါတယ်။

လတ်တလော ဖြစ်ခဲ့တဲ့ လက်ဘနွန်က ဆိုးရွားတဲ့ ကားဗုံးပေါက်ကွဲမှုတွေဟာ အဲဒီလို တိုက်ပွဲ၀င်မှုရဲ့ တစိတ်တပိုင်းဘဲလို့ သူက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။

အယ်ကိုင်းဒါးတွေနဲ့ ဆက်စပ်မှု ရှိတဲ့ အစွန်းရောက် ဆွန်နီစစ်သွေးကြွ ရန်က ကာကွယ်ဖို့ ရည်ရွယ်တာလို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဆော်ဒီ အာရေဗျနဲ့ တခြား နိုင်ငံတွေဟာ ဆီးရီးယား သူပုန်တွေကို မြှောက်ပေးနေတယ်လို့လည်း ဟတ်ဆန် နက်စရဲလားက စွပ်စွဲပြောကြားခဲ့ပါတယ်။