ယူကရိန်း ဆန္ဒပြသူတွေ ထွက်ပေး

  • 16 ဖေဖော်ဝါရီ 2014
kiev ဓာတ်ပုံ မူပိုင် Reuters
Image caption ကီးယက်ဗ်မှာ နောက်ထပ် ချီတက် ဆန္ဒပြနေပြီ

ကီးယက်ဗ် မြို့တော် ခန်းမကို ဒီဇင်ဘာလ ထဲက ဝင်စီး ထားတဲ့ ဆန္ဒပြသူ တွေ ထွက်ခွာ သွားပြီ လို့ ယူကရိန်း အတိုက်အခံ တွေက ပြောကြား လိုက်ပါတယ်။

အစိုးရနဲ့ ညှိနှိုင်း သဘောတူညီမှု အရ မြို့လယ်မှာ ဆန္ဒပြသူတွေ ပိတ်ဆို့ ထားတဲ့ အတားအဆီး တချို့ကိုလည်း ပြန်ဖယ်ရှား ပေးခဲ့ပါတယ်။

ယူကရိန်း အစိုးရ ဘက်ကလည်း သူတို့ သဘောတူညီချက် အတိုင်း နိုင်ငံရေး လှုပ်ရှားသူ တချို့ကို အရင်ပတ်က ပြန်လွှတ်ပေးခဲ့ပါတယ်။

တဘက်နဲ့ တဘက် အပြန်အလှန် ညှိနှိုင်း အလျှော့ပေးမှု တွေကြောင့် ဒီလို စေ့စပ် နိုင်ခဲ့ကြောင်း ယူကရိန်းက ဆွစ်ဇာလန် သံအမတ် CHRISTIAN SCHOENENBERGER က ပြောပါတယ်။

ကီးယက်ဗ် မြို့ပြင်က အစိုးရ အဆောက်အဦ ၄ ခုက လည်း ဆန္ဒပြသူ တွေ ထွက်ခွာပေးကြ ပါတယ်။

ကီးယက်ဗ် မြို့လယ်မှာတော့ နောက်ထပ်ချီတက် ဆန္ဒပြပွဲတခု စဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ