အီသီယိုးပီးယား လေယာဉ်ကို တွဲဖက် လေယာဉ်မှူးက ပြန်ပေးဆွဲ

  • 17 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ခရီးသည်တွေကို ခေါ်ထုတ်စဉ်

အီသီယိုးပီးယားနိုင်ငံ Addis Ababa ကနေ အီတလီ နိုင်ငံ ရောမမြို့ကို သွားတဲ့ အီသီယိုးပီးယား လေယာဉ်ကို ပြန်ပေးဆွဲပြီး ဂျီနီဗာမှာ ဆင်းသက်စေခဲ့တဲ့ တွဲဘက် လေယာဉ်မှူးကို ဖမ်းဆီးလိုက်ပါတယ်။

လေယာဉ်မှူးက ခဏ အနားယူတဲ့ အချိန်မှာ အဲဒီ တွဲဘက် လေယာဉ်မှူးက လေယာဉ်ကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

သူက နိုင်ငံရေး ခိုလှု့ခွင့် တောင်းခဲ့တယ် လို့လည်း သတင်းတွေ ထွက်နေပါတယ်။

လေယာဉ် ပြတင်းပေါက်ကနေ ကြိုးနဲ့ ဆင်းလာခဲ့ပြီးတဲ့နောက် အဲဒီ တွဲဘက် လေယာဉ်မှူးက လာရောက် အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ လေယာဉ် ဝန်ထမ်းတွေ အားလုံး ဘေးမသီ ရန်မခ ရှိခဲ့ကြပါတယ်။ လေယာဉ် ပေါ်မှာ လူ ၂၀၀ လောက် လိုက်ပါလာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ