ထိုင်း လယ်သမားတွေ ဝန်ကြီးချုပ်ရုံးကို ပိတ်ဆို့

ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေးနဲ့ လယ်သမား ထိပ်တိုက်တွေ့စဉ်။

ထိုင်းနိုင်ငံမှာ အစဉ်အလာ အားဖြင့် အစိုးရကို ထောက်ခံ ခဲ့ကြတဲ့ ရာနဲ့ချီတဲ့ လယ်သမား တွေဟာ အစိုးရကို ဖိအား ပိုတိုးပေးတဲ့ အနေနဲ့ ယာယီ ဝန်ကြီးချုပ်ရုံး ဝန်းကျင်က အတား အဆီး တွေကို ဖယ်ရှားပြီး အဆောက်အဦကို ဝိုင်းရံ ပိတ်ဆို့ ထားကြပါတယ်။

မနှစ်က လယ်သမားတွေဆီက အစိုးရက ဝယ်ယူခဲ့တဲ့ စပါးဖိုး ကြွေးတွေ ပြန်ပေးဖို့ နှောင့်နှေး နေတဲ့ အတွက် လယ်သမားတွေ ဒေါသထွက် နေကြတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက နိုင်ငံ အရှေ့မြောက်ပိုင်းမှာ စပါးတွေကို စျေးကွက် ပေါက်စျေးထက် ပိုပေးပြီး ဝယ်ယူမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ကျေးလက်ဒေသက လူတွေရဲ့ ထောက်ခံမှု အခိုင်အမာ ရရှိအောင် ကြိုးပမ်းခဲ့တာ ဖြစ် ပါတယ်။

ဘန်ကောက်နဲ့ နိုင်ငံ တောင်ပိုင်းမှာ မနှစ်က နှစ်ကုန်ပိုင်းက စပြီး အစိုးရ ဖြုတ်ချရေး ကြိုးပမ်းတဲ့ အတိုက်အခံတွေရဲ့ ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ တချို့ နေရာတွေမှာ ရဲတွေက လမ်းတွေကို ရှင်းလင်းခဲ့ပေမယ့် ဝန်ကြီးချုပ် ရုံးကိုတော့ အဲဒီ ဆန္ဒပြသူတွေက ဆက်လက် ဝန်းရံ ပိတ်ဆို့ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ