တရုတ် လုံခြုံရေး အကြီးအကဲဟောင်းရဲ့ အကြံပေး အဂတိမှုနဲ့ စစ်ဆေးခံရ

  • 19 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အဂတိမှုနဲ့ စစ်ဆေးခံရသူ ကျိဝမ်လင်း

တရုတ်နိုင်ငံမှာ အနားယူသွားတဲ့ လုံခြုံရေး အကြီးအကဲ ကျုံယွမ်ခန်းရဲ့ အကြံပေး အရာရှိဟောင်းကို အဂတိ လိုက်စားမှုတွေနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ တရုတ် ကွန်မြူနစ်ပါတီက ပြောပါတယ်။

စစ်ဆေးခံရသူ ကျိဝမ်လင်းဟာ ကွန်မြူနစ် ပါတီရဲ့ စည်းကမ်း ဥပေဒတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကြေညာမှုဟာ တရုတ် နိုင်ငံရေး ထိပ်တန်းခေါင်းဆောင် ဖြစ်ဖူးတဲ့ ကျုံယွမ်ခန်း ကို အဓိက ပစ်မှတ်ထားတာ ဖြစ်မယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေကို တိုးပွားလာစေ လိမ့်မယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

မစ္စတာ ယွမ်ခန်းကို အများပြည်သူရှေ့မှာ မတွေ့ရတာဟာ လပေါင်း အတော်ကြာနေပြီ ဖြစ်ပြီး နေအိမ် အကျယ်ချုပ် ကျခံနေရတယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ