ထိုင်း ဆန္ဒပြသူတွေအပေါ် အင်အားမသုံးဖို့ အရပ်ဘက် တရားရုံးက အမိန့်ထုတ်

  • 19 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဝန်ကြီးချုပ်ရဲ့ ယာယီရုံးကို ဝိုင်းရံ ဆန္ဒပြ

ထိုင်းနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အစိုးရအနေနဲ့ အင်အားသုံး ဖြိုခွဲတာတွေ မလုပ်ဖို့ ထိုင်းနိုင်ငံ တရားရုံး တခုကနေ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မနေ့ကတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေ အကြား အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် လူ ၅ ဦး သေဆုံးသွားခဲ့ရပြီး နောက်မှာ အခုလို တရားရုံးရဲ့ ကြေညာချက် ထွက်လာတာပါ။

အစိုးရ ရုံးနေရာ တဝိုက်က ဆန္ဒပြ သပိတ်စခန်းတွေကို ရဲက ဖြိုခွဲဖို့ ကြိုးစားပေမယ့် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

အရပ်ဘက် တရားရုံးက ကြားဝင်ပြီး အခုလို အမိန့်ထုတ်ပြန်လိုက်တာဟာ လပေါင်းများစွာ မတည် မငြိမ်ဖြစ်နေခဲ့မှုတွေကို အစိုးရက ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်လိုက်တဲ့ အရေးပေါ် အမိန့်ကို အကောင်အထည်ဖော်ရေးမှာ ရှုပ်ထွေးမှုတွေကို ဖြစ်စေနိုင်ပါတယ်။

ထောင်သောင်းချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ရဲ့ ယာယီ ရုံးနေရာကို ဝိုင်းထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ