Al Jazeera သတင်းထောက် ၃ ဦး အီဂျစ် ရုံးထုတ်

  • 20 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သတင်းထောက်တွေကို လွှတ်ပေးဖို့ လန်ဒန်က အီဂျစ် သံရုံး ရှေ့မှာ ဆန္ဒပြ

Al Jazeera သတင်းဌာနက သတင်းထောက် ၃ ယောက်ကို အီဂျစ်နိုင်ငံမှာ ဒီကနေ့ ရုံးထုတ်ဖို့ ရှိပါတယ်။

ဒီကိစ္စကြောင့် အီဂျစ် နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

အဲဒီ သတင်းထောက်တွေကို မမှန်သတင်း ထုတ်လွှင့်မှု၊ မွတ်ဆလင် ညီနောင်များ အဖွဲ့နဲ့ ဆက်သွယ်မှု ဒါမှမဟုတ် သူတို့ကို ကူညီမှုနဲ့ စွဲချက်တင်ထားတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်က မွတ်ဆလင် ညီနောင်များ အဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် စစ်တပ်က ထောက်ခံမှုပေးတဲ့ အီဂျစ်အစိုးရက သတ်မှတ်ခဲ့ပြီးတဲ့နောက်မှာ သူတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဂျာဇီးရား ကတော့ အဲဒီ စွဲချက်တွေဟာ အဓိပ္ပာယ်ကင်းမဲ့ပြီး အခြေအမြစ် မရှိဘူးလို့ ဖော်ပြ ပြောဆိုပါတယ်။

အဖမ်းခံထားရတဲ့ အထဲက တစ်ယောက်ဟာ အရင်က ဘီဘီစီ သတင်းထောက်ဟောင်း ဖြစ်သူ သြစတြေးလျ သတင်းထောက် Peter Greste ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ