အဂတိမှု စွဲချက်တွေကို ယင့်လတ် ငြင်းချက်ထုတ်

  • 20 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သူမ ရာထူးက ဆင်းပေးရေး တောင်းဆိုမှုတွေ ဆက်တိုက်ကြုံနေရ

ထိုင်းနိုင်ငံက ဆန်စပါး ဝယ်ယူရေး စီမံကိန်းနဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က ကြေညာချက် ထုတ်ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်။

အစိုးရ ရုံးကို သိမ်းထားတဲ့ ဆန္ဒပြသမားတွေကို ရှောင်ရှားရင်း ရက်အတန်ကြာ တစုံတရာ ထုတ်ဖော် မပြောခဲ့တဲ့ ဝန်ကြီးချုပ် ယင့်လတ်က သူမဟာ စပါး ဝယ်ယူရေး စီမံကိန်း မူဝါဒ အတွက်သာ တာဝန်ရှိတာ ဖြစ်ပြီး လုပ်ငန်း အကောင်အထည် ဖော်ရာမှာ တိုက်ရိုက် မပတ်သက်ဘူးလို့ ပြောပါတယ်။

အစိုးရ ဆင်းပေးအောင် ဖိအားတွေ ဆက်တိုက် ပေးခံနေရချိန်မှာ ထိုင်းနိုင်ငံက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒီစွဲချက်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ