ယူကရိန်း တိုက်ခိုက်မှု ထပ်ဖြစ် ၂၁ ဦးကျော်သေ

  • 20 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးသူ ဦးရေ တိုးလာဖွယ် ရှိ

ယူကရိန်းနိုင်ငံ ကိယက်ဗ် မြို့တော်မှာ ဒီကနေ့ ဖြစ်ခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတွေကြား တိုက်ခိုက်မှုတွေကြောင့် ဆန္ဒပြသူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းကလာတဲ့ သတင်းတွေက ဆိုပါတယ်။

သေဆုံးသူ တချို့ဟာ ခေျာင်းပစ်ခံရတဲ့ ကျည်ဆန်တစ်ချက်တည်းနဲ့ သေဆုံးခဲ့တာကို ပြနေတယ်လို့ မျက်မြင် သက်သေတွေက ဘီဘီစီကို ပြောပါတယ်။

သမ္မတ ယာနူကိုဗစ်ချ်နဲ့ အတိုက်အခံ ခေါင်းဆောင်တွေကြားမှာ ခိုင်မာမှု မရှိတဲ့ သဘောတူညီချက် မနေ့ညက ရရှိခဲ့ပြီးတဲ့နောက် ဒီကနေ့ မနက် အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားလာခဲ့ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနကတော့ လမ်းမတွေကို ရန်လိုသူ လက်နက်ကိုင်တွေ သိမ်းပိုက်ထားတယ်လို့ ပြောဆိုပြီး မြို့ခံတွေကို အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။

ရုပ်မြင်သံကြားက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြည်ထဲရေး ဝန်ကြီးဌာနက Valeri Mazan က အခု မတည်မငြိမ်မှုတွနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။

ရုပ်မြင်သံကြားမှာ ရင်ပြင်အနီး မြေကြီးပေါ်မှာ တွေ့မြင်ရတဲ့ အလောင်းတွေကို ပြသခဲ့ပါတယ်။

ယူကရိန်း ရဲတွေကတော့ အရာရှိ ၂၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ