၀န်ကြီးချုပ် လျာထားခံရသူ အစိုးရ ဖွဲ့ပြီ

  • 22 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အီတလီ ၀န်ကြီးချုပ် Matteo Renzi

အီတလီ ဝန်ကြီးချုပ် အဖြစ် သတ်မှတ်ခံရတဲ့ Matteo Renzi ဟာ အစိုးရအဖွဲ့သစ်ကို ဦးဆောင်ဖို့ တရားဝင် ညွှန်ကြားချက် လက်ခံရပြီးတဲ့နောက် သူ့ရဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး အမည်တွေကို ကြေညာခဲ့ပါတယ်။

သူ့ရဲ့ ညွှန့်ပေါင်း အဖွဲ့အတွင်း ဝင်ရောက်လာဖို့ အုပ်စု အဖွဲ့ မတူသူတွေကြား ဆွေးနွေးမှု ရက်အတန်ကြာ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

စီးပွားရေး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ထိပ်တန်း စီးပွားရေး ပညာရှင် Pier Carlo Padoan က အရေးပါတဲ့ ဘဏ္ဍာရေး ဝန်ကြီး ရာထူး ခန့်ထားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရ အဖွဲ့ ရာထူး တဝက်လောက်မှာ အမျိုးသမီးတွေ ခန့်ထားကြောင်း သိရပါတယ်။

မစ္စတာ ရန်ဇီနဲ့ သူ့အစိုးရ အဖွဲ့ဟာ ဒီနေ့ စနေနေ့မှာ ကျမ်းသစ္စာကျိန်ဆို ကြမှာ ဖြစ်ပါတယ်။