ဆိုမာလီယာ သမ္မတအိမ်ကို စစ်သွေးကြွတွေ တိုက်ခိုက်

  • 21 ဖေဖော်ဝါရီ 2014
Image copyright Reuters
Image caption တိုက်ခိုက်ခံရချိန်မှာ ဆိုမာလီယာ သမ္မတ အိမ်တွင်းမှာ ရှိနေ

ဆိုမာလီယား နိုင်ငံမှာ မြို့တော် မိုဂါဒစ်ရှူးက သမ္မတ အိမ်တော်ကို အစ္စလမ္မစ် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပါတယ်။

စစ်သွေးကြွတွေဟာ ပထမ သမ္မတ အိမ်တော် ဝင်းနံရံကို ကားဗုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အထဲကို ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပေါက်ကွဲသံကြီးတွေနဲ့ သေနတ်သံတွေ ကြားခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု မအောင်မမြင် ဖြစ်ပြီး သူ အထိအခိုက် မရှိခဲ့ဘူးလို ဆိုမာလီ သမ္မတက ပြောကြားခဲ့ကြောင်း ဆိုမာလီ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နစ်ကေးက ပြောပါတယ်။

တိုက်ခိုက်ခဲ့သူ အချို့သေဆုံးခဲ့ပြီး တချို့ကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုမာလီ လုံခြုံရေးဝန်ကြီး အက်ဘဒီ ကရင် ဟူစိန်က ပြောပါတယ်။

ဒါပေမယ့် အယ်ရှယဘတ် စစ်သွေးကြွအဖွဲ့ ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ