ယူကရိန်း ဆန္ဒပြသူတွေ ပြန်လည် စုရုံး ဆန္ဒပြဆဲ

  • 21 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေနဲ့ လာရောက်ပူးပေါင်းတဲ့ Lviv မြို့က ရဲအရာရှိတွေ

ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်က လွတ်လပ်ရေး ရင်ပြင်မှာတော့ ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေ ပြန်လည် စုရုံး ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို အစိုးရ ဆန့်ကျင်သူတွေဘက် ဘက်ပြောင်းလာခဲတဲ့ ယူကရိန်း အနောက်ဘက် Lviv မြို့က ရဲ အရာရှိတွေ ပူးပေါင်းလာနေပါတယ်။

သိပ်မကြီးတဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိပေမယ့် အခြေအနေတွေ အခုအချိန်အထိ အတော်လေး အေးဆေးနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကြာသပတေးနေ့က ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိခဲ့တာကြောင့် လူ ရဝ ကျော် သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ