ယူကရိန်း သဘောတူညီချက်ရသွားတဲ့အပေါ် အိမ်ဖြူတော် ကြိုဆို

  • 21 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်းအစိုးရနဲ့အတိုက်အခံတွေ သဘောတူညီမှုရ

ယူကရိန်းနိုင်ငံမှာ လနဲ့ချီကြာနေတဲ့ နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်စေနိုင်မယ့် သဘောတူညီချက်တရပ်ကို သမ္မတ ယာနုကိုဗစ်ချ်နဲ့ အတိုက်အခံတွေကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီသဘောတူညီချက်ထဲမှာ ရွေးကောက်ပွဲစောစော ကျင်းပမယ်ဆိုတာ ပါဝင်ပါတယ်။

နောက်ပြီး ၂၀၀၄ ခု ဖွဲ့စည်းပုံကို ပြန်လည်ကျင့်သုံးမှာ ဖြစ်ပြီး အိမ်စောင့်အစိုးရကို လာမယ့် ၂ ရက်အတွင်း ဖွဲ့စည်းမယ်လို့ ဆိုပါတယ်။

အခုသဘောတူညီချက်ဟာ ကောင်းတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လမ်းပွင့်သွားစေတယ်လို့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ပါဝင်ခဲ့တဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အစိုးရဆန်ကျင်ဆန္ဒပြနေသူတချို့ကတော့ သမ္မတကို အယုံအကြည်မရှိတဲ့ အခု သဘောတူညီချက်ကို သံသယရှိနေတယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ