လွတ်မြောက် အတိုက်အခံခေါင်းဆောင် မိန့်ခွန်းပြော

  • 22 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လွတ်မြောက်လာတဲ့ ယူလီယာ တီမိုရှန်းကိုး

ယူကရိန်းမှာထောင်ခုနှစ်နှစ် ချခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်းကိုး အကျဉ်းထောင်က ပြန်လွတ်လာပါပြီ။

အခုတော့ သူဟာ ကီးယက်ဗ် မြို့က လွတ်လပ်ရေး ရင်ပြင်ကို ရောက်ပြီး ဆန္ဒပြသူတွေကို စကားပြောနေပါတယ်။

သူဟာ ၂၀၀၅ ဇန္နဝါရီ ၂၄ ရက်ကနေ စက်တင်ဘာ ရှစ်ရက်အထိ ၊ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၀၁၀ မတ်လ လေးရက် အထိ ဝန်ကြီးချုပ် နှစ်ကြိမ်တိုင် တာ၀န် ထမ်းဆောင်ခဲ့ဖူးတာ ဖြစ်ပါတယ်။

မစ္စတီမိုရှန်းကိုးကို ၂၀၁၁ ခုနှစ်တုန်းက ထောင်ခုနှစ်နှစ် ချခံခဲ့ရတာ ဖြစ်ပါတယ်။

သူပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ယူကရိန်းမှာ စွဲကပ်နေတဲ့ ကင်ဆာကို အခုတော့ ပြည်သူတွေက ဖယ်ရှား နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ယူကရိန်းမှာ ပြည်သူတွေရဲ့ ရိုးသားမှုက အစိုးရကောင်းတခုကို ဖန်တီးဖို့ စွမ်းဆောင်နိုင်ခဲ့ပြီလို့ သူက ပြောပါတယ်။

အဲဒီနောက် လူအုပ်ကြီးက Heroes never die သူရဲကောင်း ဆိုတာ ဘယ်တော့မှ သေဆုံးခြင်း မရှိဘူးလို့ အော်ဟစ် သံပြိုင် ဟစ်ကြွေး ခဲ့ကြပါတယ်။

ဒါ့အပြင် ယူကရိန်းမှာ အာဏာရှင် စနစ် ကျဆုံးသွားပြီလို့ တီမိုရှန်းကိုး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ