ယူကရိန်း ပါလီမန် သမ္မတကို ရာထူးက ဖယ်ရှား

  • 22 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင်
Image caption သမ္မတ ယန်နူကိုဗစ်ချ် ကတော့ နိုင်ငံ အရှေ့ပိုင်း ရုရှား နယ်စပ် အနီး ခါကိ မြို့မှာ ရောက်ရှိနေ

ယူကရိန်း ပါလီမန် ကနေ မဲခွဲ ဆုံးဖြတ်ပြီး သမ္မတကို ရာထူးက ဖယ်ရှား လိုက်ကာ ရွေးကောက်ပွဲ တွေကို လာမယ့် မေလ ၂၅ ရက်နေ့ ကျင်းပမယ်လို့ ကြေညာ လိုက်ပါ တယ်။

သမ္မတ ယန်နူကိုဗစ်ချ် က သူ့အနေနဲ့ ရာထူးက နုတ်ထွက် မှာ မဟုတ်ဘူးလို့ စောစောပိုင်းက ရုပ်သံကနေ ကြေညာ သွားခဲ့ပြီး၊ တနာရီ လောက် အကြာ မှာပဲ ပါလီမန်မှာ အခုလို ဆုံးဖြတ်ခဲ့ ကြတာ ဖြစ်ပါတယ်။

သမ္မတ အိမ်တော်နဲ့ ခြံဝန်း ထဲမှာတော့ ဆန္ဒပြသူတွေ အတား အဆီးမရှိ သွားလာ နေကြပါတယ်။

အတိုက်အခံတွေဟာ မြို့တော် ကီယက်ကို ထိန်းချုပ် ထားတဲ့ အနေ အထားမျိုး ရှိနေပြီး၊ သမ္မတ ယန်နူကိုဗစ်ချ် ကတော့ နိုင်ငံ အရှေ့ပိုင်း ရုရှား နယ်စပ် အနီး ခါကိ မြို့မှာ ရောက်ရှိနေ ပါတယ်။