ထိုင်းအစိုးရဆန့်ကျင်သူတွေတိုက်ခိုက်ခံရ

  • 23 ဖေဖော်ဝါရီ 2014
Thai ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု တွေဟာ လနဲ့ချီ ကြာနေ ပါပြီ

ထိုင်းနိုင်ငံ မှာ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်ပွား ခဲ့ပြီး ဘန်ကောက် မြို့တော်နဲ့ နိုင်ငံ အရှေ့တောင်ပိုင်း ဒေသ တွေမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သူတွေကို ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရ ပါတယ်။

ဝန်ကြီးချုပ် ယင့်လပ် ရှင်နဝပ် ကို ကာလ ရှည်ကြာ ဆန္ဒပြ ခဲ့ကြ သူတွေ စုရုံးရာ ဘန်ကောက်မြို့က စူပါမားကက် ကုန်တိုက်ကြီး တခုရဲ့ အနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် ၁၂ နှစ်အရွယ် ယောက်ျားလေး တဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာ ရခဲ့ ကြ ပါတယ်။

စောစောပိုင်း မှာတုန်း ကလည်း Trat ပြည်နယ်က လူစည်ကားတဲ့ စျေး တခုမှာ စုရုံး နေကြတဲ့ လူအုပ်ကို သေနတ်နဲ့ ဗုံးတွေ သုံးပြီး တိုက်ခိုက် ခံရလို့ ငါးနှစ် အရွယ် မိန်းကလေးငယ် တဦး သေဆုံး သွားပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရတ်ချ် စီးမား ပြည်နယ်မှာ တော့ အစိုးရကို ထောက်ခံ သူတွေ ထောင်နဲ့ချီ စုရုံး ဆန္ဒပြခဲ့ ပါတယ်။