ထိုင်း စစ်တပ်က ကြားဝင်ဖို့ အစီအစဉ်မရှိဟု ဆို

  • 24 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေကို ထိုင်းစစ်တပ်က စာနာမှုရှိတယ်လို့ အချို့ သုံးသပ်

နိုင်ငံရေး အကျပ် အတည်းတွေနဲ့ ရင်ဆိုင် နေရတဲ့ ထိုင်းနိုင်ငံမှာ အကြမ်းဖက်မှု တွေကြောင့် ပြီးခဲ့တဲ့ ၂ ရက် အတွင်း လူ ၄ ဦး သေဆုံးခဲ့ရတာတွေ ရှိနေပေမယ့် စစ်တပ် အနေနဲ့ ကြားဝင် ဆောင်ရွက်ဖို့ အစီအစဉ် မရှိဘူးလို့ ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန် အိုချာက ပြောကြား လိုက်ပါတယ်။

ထိုင်း ဗိုလ်ချုပ်ကြီးက ရုပ်သံကနေ မိန့်ခွန်း ပြောကြားရာမှာ ဒီအကြမ်းမှုတွေမှာ အုပ်စု အဖွဲ့တွေ အများကြီး ပါဝင် ပတ်သက်နေပြီး ဘယ်အဖွဲ့က ဘယ်သူ့ဘက်က ဆိုတာ သိနိုင်ဖို့ ခက်ခဲကြောင်း ပြောပါတယ်။

ထိုင်း စစ်တပ်ဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စာနာမှု ရှိနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်မှုတွေလည်း ရှိနေပါတယ်။

ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေးကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စလို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ