အီးယူ နိုင်ငံခြားရေး အကြီးအကဲ ယူကရိန်း သွားမယ်

  • 24 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အီးယူ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ လန်ဒန်မှာ သတင်းမီဒီယာကို ဖြေကြားစဉ်

ဥရောပ သမဂ္ဂ နိင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်ဟာ ကိယက်ဗ်မြို့ကို သွားရောက်မှာ ဖြစ်ပြီး အဲဒီမှာ ယူကရိန်း ခေါင်းဆောင်သစ်တွေ အတွက် နိုင်ငံရေးအရ ထောက်ခံမှုတွေနဲ့ ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံတွေ အတွက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကြားဖြတ် သမ္မတသစ် အဖြစ် ပါလီမန်က ခန့်အပ်လိုက်တဲ့ အိုလက်ဇန်ဒါ တာချီနော့ဗ်ကို ကတော့ အီးယူနဲ့ ပိုမို နီးကပ်စွာ ဆက်ဆံမယ့် ယူကရိန်းရဲ့ ရွေးချယ်မှုကို ရုရှားအနေနဲ့ လေးစားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗြိတိသျှ ဘဏ္ဍာရေး ဝန်ကြီး ဂျော့ အော့စ်ဘွန်း ကလည်း အီးယူ အနေနဲ့ ယူကရိန်းကို အထောက်အပံ့တွေ ပေးဖို့ အဆင့်သင့် ဖြစ်နေသင့်တယ်လို့ ပြောပါတယ်။

ယူကရိန်းဟာ တင်ရှိနေတဲ့ အကြွေးတွေကို ပေးရန် ပျက်ကွက်တဲ့ အဆင့် မဖြစ်ရလေအောင် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ရုရှားကနေ ၁၅ ဘီလျံ ဒေါ်လာ အကူအညီရမယ့် အစီအစဉ် ဟာလည်း အခုအချိန်မှာ ရရှိနိုင်မယ့် အလားလာ မရှိတော့တဲ့ပုံ ပေါ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ