ယူကရိန်း ယာယီသမ္မတက ဥရောပသမဂ္ဂနဲ့ ပူးပေါင်းမယ်လို့ပြော

  • 24 ဖေဖော်ဝါရီ 2014
ယူကရိန်းနိုင်ငံ ဆန္ဒပြမြင်ကွင်း
Image caption ယူကရိန်းနိုင်ငံ ဆန္ဒပြမြင်ကွင်း

ယူကရိန်းနိုင်ငံရဲ့ ယာယီသမ္မတ Oleksandr Turchinov က သူ့နိုင်ငံဟာ အီးယူ ဥရောပ သမဂ္ဂနဲ့ ပေါင်းစည်းရေး လမ်းကြောင်းကိုဘဲ ပြန်သွားချင်တယ်လို့ ပြောပါတယ်။ ရုပ်မြင်သံကြား မိန့်ခွန်း ပြောရာမှာ သမ္မတက ရုရှားနဲ့ စကားပြောဖို့လည်း လမ်းဖွင့် ထားကြောင်း ဒီလိုပြောကြ ဆိုကြရာမှာ ဥရောပနဲ့ ပူးပေါင်းရေး ယူကရိန်းရဲ့ ရွေးချယ်မှုကို ရုရှားက စဉ်းစားမှသာ ဆွေးနွေးမှာ ဖြစ်ကြောင်းပြောပါတယ်။

လူထုဆန္ဒပြမှုတွေနောက်ပိုင်း ပါလီမန်က သမ္မတ Victor Yaukovych ကို ဖယ်ရှားလိုက်ပြီး ပါလီမန်ဥက္ကဌ တာချီနော့ကို ယာယီသမ္မခန့်လိုက်တာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ နယ်မြေအချုပ် အခြာကိုတော့ အသိအမှတ်ပြုဖို့ ဂျာမန်ဝန်ကြီးချုပ် မာကဲလ်နဲ့ ရုရှားသမ္မတပူတင်တို့ဖုန်းပေါ်မှာ ဆွေးနွေး သဘောတူကြပါတယ်။ တနိုင်ငံလုံးအပေါ် သြဇာညောင်းမယ့် အစိုးရသစ်ပေါ်ထွက်ရေးကို နှစ်နိုင်ငံခေါင်းဆောင်တွေက မျှော်လင့်တယ်လို့ ဂျာမန်ဝန်ကြီးချုပ်ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောပါတယ်။

ယူကရိန်း အစိုးရကို ရုရှားက ဒေါ်လာ ၁၅ဘီလျံထောက်ပံ့ဖို့ ရုရှားအစိုးရက မကြာမီက သဘောတူခဲ့ပါတယ်။ တကယ်လို့ရုရှားက အဲဒီအကူအညီကို ပြန်ရုတ်သိမ်းရင် ဥရောပ ဖက်ကရော အစားပြန်ပေးမလားဆိုတာနဲ့ ရုရှားနဲ့ဥရောပ ဆက်ဆံရေးကို ဘယ်လိုထိခိုက်နိုင်မလဲဆိုတာ အချေအတင် ဘာလင်မှာ ဆွေးနွေးနေကြကြောင်း ဘီဘီစီသတင်းထောက် Stephen Evans က သတင်းပေးပို့ ထားပါတယ်။