ကက်ရှ်မီးယားမှာ ရဲနဲ့ ဒေသခံ အဓိကရုဏ်းဖြစ်

  • 25 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သူပုန်လို့ ယူဆရသူ ၇ ဦးရဲ့ အလောင်းကို အိန္ဒိယ ရဲက ထုတ်ဖော်စဉ်

အိန္ဒိယ အစိုးရ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ပြည်နယ်ဘက် အခြမ်းမှာ ရဲ စခန်းတစ်ခုကို ဝင်စီးဖို့ ကြိုးစားတဲ့ ဒေါသထွက်နေကြတဲ့ ရွာသား ရာပေါင်းများစွာကို ရဲတွေက ရာဘာ ကျည်ဆံတွေ၊ မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစု ခွဲခဲ့ကြပါတယ်။

ကွပ်ဝါနာ ခရိုင်မှာ အပြန်အလှန် ပစ်ခတ်မှုအတွင်း သူပုန်လို့ ယူဆရသူ ၇ ဦး ကို ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း လုံခြုံရေး တပ်ဖွဲ့က ထုတ်ဖော် ပြောခဲ့အပြီး တစ်ရက်အကြာမှာ ရွာသားတွေက အခုလို ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက လွတ်လပ်ရေး တောင်းဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပြီး အဲဒီ သူပုန်လို့ ယူဆရသူတွေဟာ ဘယ်သူဘယ်ဝါတွေ ဆိုတာ ဖော်ထုတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြပါတယ်။

တနင်္လာနေ့က သေဆုံးခဲ့တဲ့ အဲဒီလူတွေဟာ သူပုန်တွေ မဟုတ်ဘဲ အရပ်သားတွေ ဖြစ်နိုင်တယ်လို့ ရွာသားတွေက ယူဆနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ