ထိုင်းမှာ ဆောက်လက်စ ဆေးရုံ ပြိုကျ ၁၀ ဦးသေ

  • 25 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption သေဆုံးသူတွေထဲမှာ မြန်မာ မိန်းကလေးတစ်ဦး ပါဝင်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆင်ခြေဖုံးက သုဝဏ္ဏ ဘုမ္မိ လေဆိပ်နားမှာ ဆောက်လက်စ ဆေးရုံတစ်ရုံ ပြိုကျခဲ့ရာမှာ အနည်းဆုံး အလုပ်သမား ၁၀ ဦး သေဆုံးသွားပြီး ၁၆ ဦး ဒဏ်ရာ ရသွားပါတယ်။

သေဆုံးသွားသူတွေထဲမှာ အသက် ၂၅ နှစ် အရွယ် မြန်မာ မိန်းကလေး တစ်ဦး ပါဝင်ပြီး နောက်ထပ် မြန်မာ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဆောက်အအုံ ပြိုကျတဲ့ နေရာကို ရောက်နေတဲ့ ဘန်ကောက် မြန်မာ သံရုံးက အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ဘီဘီစီကို ပြောပြပါတယ်။

အဲဒီ အဆောက်အအုံ ဆောက်တဲ့ နေရာမှာ မြန်မာ အလုပ်သမား ၆၀၀ ကျော်လောက် အလုပ်လုပ်နေကြတယ်လို့ အဲဒီက မြန်မာ အလုပ်သမားတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ