အခိုးအငွေ့ကာ မျက်နှာဖုံးတွေ ဘေဂျင်းမှာ ပြတ်လပ်

  • 26 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံတကာ အသိအမှတ်ပြု အန္တရာယ် သတ်မှတ်ချက်ထက် အဆ ၂၀ ပိုများနေ

တရုတ်နိုင်ငံ ဘီဂျင်းမြို့တော်မှာ မီးခိုးမြူ အန္တရာယ်ကို ၆ ရက်မြောက် သတိပေး ပြီးတဲ့နောက် မျက်နှာဖုံး ရောင်းသူတွေ အနေနဲ့ ပစ္စည်းပြတ်သွားပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြုတဲ့ လေထုညစ်ညမ်းတဲ့ အန္တရာယ် သတ်မှတ်ချက်ထက် ဘီဂျင်းမှာ အဆ၂၀ ပိုများနေပြီး အနီးအနား ပြည်နယ်တွေထက်လည်း ပိုများနေပါတယ်။

အသက်ရှူကြပ်တဲ့ အခိုးအငွေ့ဒဏ် ကာကွယ်ဖို့ လူတွေ တိုးဝှေ့ ဝယ်ယူကြတဲ့အတွက် မျက်နှာဖုံး အများဆုံးထုတ်တဲ့ ကုမ္ပဏီကြီးတွေ ရောင်းမလောက်အောင် ဖြစ်သွားပါတယ်။

ဘီဂျင်းမြို့မှာ ရှေ့ကို မီတာ အနည်းငယ်သာ မြင်တွေ့နိုင်ပြီး အထပ်မြင့်ကြီးတွေဟာ မြူခိုးတွေကြားထဲမှာ ပျောက်နေတယ်လို့ မြို့တော်မှာ နေကြသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ