စင်ပြိုင်အစိုးရ ဖွဲ့ဖို့ ထိုင်း ရှပ်နီအဖွဲ့ တောင်းဆို

  • 26 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်း ရှပ်နီအဖွဲ့ကို ထောက်ခံသူများ

ထိုင်း ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ကို စင်ပြိုင် အစိုးရဖွဲ့ဖို့ တောင်းဆိုနေပေမယ့် တိုင်းပြည် နှစ်ခြမ်းကွဲအောင် လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ အစိုးရကို ထောက်ခံတဲ့ လှုပ်ရှားမှု ခေါင်းဆောင်က ပြောလိုက်ပါတယ်။

အခုအပတ်ထဲမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို သေနတ် လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်လို့ လူ ၅ ယောက် သေဆုံးခဲ့ပြီး ယင်လပ်ဟာ မြောက်ပိုင်းမှာရှိတဲ့ သူ့ အမာခံနယ်မြေကို ဘန်ကောက်ကနေ ထွက်ခွာခဲ့ပါတယ်။

အစိုးရကို ထောက်ခံတဲ့ ရှပ်နီ အဖွဲ့ ခေါင်းဆောင် Weng Tojirakan က သူတို့ရဲ့ လှုပ်ရှားမှုဟာ စစ်ရေး မဟုတ်ဘဲ နိုင်ငံရေး သက်သက်ဖြစ်လို့ တိုင်းပြည် ကွဲသွားအောင် လုပ်နိုင်တဲ့ အင်အား မရှိဘူးလို့ ပြောပါတယ်။

အစိုးရ ဆန့်ကျင်သူတွေဟာ ချမ်းသာသူတွေ၊ စစ်တပ်နဲ့ အဓိကကျတဲ့ ဌာနကြီးတွေရဲ့ ထောက်ခံမှုနဲ့ ထိုင်းအစိုးရကို လနဲ့ချီ ပိတ်ဆို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ