ယူကရိန်း ငွေတန်ဖိုး အနိမ့်ဆုံး ကျဆင်း

  • 26 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကိယက်ဗ်မြို့ ငွေလဲလှယ်ရေး ကောင်တာတစ်ခု။

ယူကရိန်း နိုင်ငံသုံး ငွေကြေးဟာ နိုင်ငံရေး မရေရာမှုနဲ့ အချိန်ကြာ ဖြစ်ပွားနေတဲ့ စီးပွားရေး ပြဿနာတွေနဲ့ ပေါင်းပြီး ဒေါ်လာနဲ့ လဲလှယ်နှုန်းမှာ အနိမ့်ဆုံး အထိ ကျဆင်း သွားပါတယ်။

အမေရိကန် တစ်ဒေါ်လာကို ယူကရိန်းငွေ hryvnia ၁၀ အထိ ကျသွားလို့ နိုင်ငံခြားငွေနဲ့ ချေးထားကြတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ဘဏ်တွေဟာ အရင်နဲ့ စာရင် အခု ငွေအများအပြား ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။

အခုအခါ ရုရှားက ငွေကြေး ထောက်ပံ့မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလို့ ဥရောပ သမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့ကနေ ချေးငွေ ရရှိရေး အရေးတကြီး ပိုလိုအပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ