တာတို ဒုံးကျည် ၄ ခု မြောက်ကိုရီးယား ပစ်လွှတ်

  • 27 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption မြောက်ကိုရီးယား စစ်ရေးပြပွဲက ဒုံးကျည်တွေ

မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းခြေ ကနေ ပင်လယ်ပြင် ဘက်ကို တာတိုပစ် ဒုံးကျည် ၄ ခု ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ကိုရီးယား ကျွမ်းဆွယ်ကို တောင်မြောက် ပိုင်းခြားထားတဲ့ စစ်ရေးမျဉ်းလိုင်းရဲ့ မြောက်ဘက် သိပ်မဝေးတဲ့ တောင်ကုန်းတစ်ခုပေါ်ကနေ ဒီဒုံးကျည်တွေ ပစ်လွှတ်တာလို့ ထုတ်ပြန်တဲ့အထဲမှာ ဆိုထားပါတယ်။

နိုင်ငံတကာက တာဝေးပစ် ထိပ်ဖူးတပ် ဒုံးတွေ ပစ်လွှတ်ဖို့ တားမြစ်ထားပေမယ့် ဒီတာတိုပစ် ဒုံးတွေအပေါ်မှာတော့ ကန့်သတ်ထားခြင်း မရှိပါဘူး။

ဒီလို ပစ်လွှတ်မှုဟာ ပုံမှန် ပြုလုပ်တဲ့ စစ်ရေး လေ့ကျင့်မှု ဖြစ်ပေမယ့် ဒီသီတင်းပတ်ထဲမှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ဆိုင်နေပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို စစ်ရေးပြင်ဆင်မှု အနေနဲ့ မြောက်ကိုရီးယားက ရှုတ်ချထားခဲ့ပြီး နျူကလီယား စစ်ပွဲတွေ အဖြစ်ထိ ကူးပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ