ရုရှား တပ်လှုပ်ရှားမှု ယူကရိန်း သတိပေး

  • 27 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption နေတိုး အတွင်းရေးမှူးချုပ် (ဝဲ) နဲ့ ယူကရိန်း ယာယီ ကာကွယ်ရေးဝန်ကြီး (ယာ) နေတိုး အစည်းအဝေးမှာ တွေ့စဉ်။

ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသမှာ ရှိတဲ့ ရုရှား ရေတပ် အခြေစိုက်စခန်း တဝိုက်မှာ ရုရှား တပ်တွေ လှုပ်ရှားမှု လုပ်လာခဲ့ရင် ရန်လိုတဲ့ အပြုအမူလို့ သတ်မှတ်ရမှာ ဖြစ်ကြောင်း ယူကရိန်း ယာယီ သမ္မတက သတိပေး ပြောဆိုလိုက်ပါတယ်။

ယူကရိန်း တောင်ပိုင်းဒေသရဲ့ မြို့တော် Simferopol မှာ အစိုးရရုံး အဆောက်အဦးတွေကို လက်နက်ကိုင် လူအုပ်တစ်စုက စီးနင်း သိမ်းပိုက်ခဲ့မှု ဖြစ်ခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်သူ လက်နက်ကိုင် အုပ်စုနဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေဟာ ဒေသတွင်း ပဋိပက္ခကို ဦးတည်သွားစေမယ့် အလွန် အန္တရာယ်ကြီးတဲ့ အမှုကို ကျူးလွန်နေတာ ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံရေး အကျပ်အတည်းမှာ ကြား၀င် ဖြေရှင်းပေးနေတဲ့ ပိုလန်နိုင်ငံက ဝေဖန်ခဲ့ပါတယ်။

နေတိုး အတွင်းရေးမှုးချူပ်ကလည်း အခြေအနေ တင်းမာမှုတွေ တိုးမြင့်လာစေမယ့် ဘယ်လို လုပ်ရပ်မျိုးကိုမှ မပြုမူဖို့ ရုရှားနိုင်ငံကို တိုက်တွန်းထားပါတယ်။

ရုရှားနိုင်ငံဟာ စစ်အင်အားပြတဲ့ အနေနဲ့ စစ်သည် တစ်သိန်းခွဲ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ