ဗြိတိသျှ စစ်သားကိုသတ်ခဲ့သူတွေ တသက်တကျွန်းကျ

  • 27 ဖေဖော်ဝါရီ 2014
Image caption လုံခြုံရေး အစောင့်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ တရားခွင် ထဲက ခေါ်ထုတ်သွားခဲ့ရ

မနှစ်တုန်းက လန်ဒန်မြို့လယ် လမ်းမပေါ်မှာ ဗြိတိသျှ စစ်သား တဦးကို သတ်ဖြတ်ခဲ့မှုနဲ့ အစ္စလာမစ် စစ်သွေးကြွ နှစ်ဦးကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

မိုက်ကယ်လ် အဒယ်ဘိုလာဂျို နဲ့ မိုက်ကယ်လ် အဒယ်ဘိုဝါးလီး တို့ဟာ ဗြိတိသျှ စစ်သား လီး ရစ်ဂ်ဘီ ကို ကားနဲ့ ဝင်တိုက်ပြီး လမ်းသွားလမ်းလာတွေရှေ့မှာပဲ ဓါးနဲ့ ခုတ်သတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ မွတ်ဆလင်အဖြစ် ကူးပြောင်းသွားတဲ့ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

တရားခွင်မှာ လုံခြုံရေး အစောင့်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့အပြီး သူတို့ နောက်ကွယ်မှာပဲ ပြစ်ဒဏ်တွေ ချမှတ်လိုက်တာပါ။

မိုက်ကယ်လ် အဒယ်ဘိုလာဂျို က သူဟာ အလ္လာ ရှင်မြတ်ရဲ့ စစ်သား တဦး ဖြစ်တယ်၊ ဒီသတ်ဖြတ်မှုဟာ စစ်ပွဲ ဆင်နွဲတုန်း တိုက်ခိုက်မှု တခုဖြစ်တယ်လို့ ပြောပါတယ်။

သူ့ကို ခံဝန်ချက်နဲ့ လွှတ်ပေးတာမျိုး မရှိတဲ့ တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့ပြီး မိုက်ကယ်လ် အဒယ်ဘိုဝါးလီး ကိုတော့ အနည်းဆုံး ထောင်ဒဏ် ၄၅နှစ် ချမှတ်ခဲ့ပါတယ်။