အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ပူတင် ညွှန်ကြား

  • 28 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် putin yanukovych
Image caption ယူကရိန်း သမ္မတ ယာနူကိုဗစ်ချ်နဲ့ ရုရှား သမ္မတ ပူတင်

ယူကရိန်း အပေါ် နိုင်ငံတကာရဲ့ ဘဏ္ဍာရေး ကူညီထောက်ပံ့မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်း လုပ်ဆောင်ပါလို့ ရုရှား အစိုးရကို သမ္မတ ပူတင်က အမိန့်ပေးလိုက်ပါတယ်။

ဒါဟာ ယူကရိန်းနဲ့ ပတ်သက်လို့ မစ္စတာပူတင်ရဲ့ လူသိရှင်ကြား ပထမဆုံး ထုတ်ပြန် ပြောဆိုချက် ဖြစ်ပါတယ်။

ဒါပေမယ့် ယူကရိန်း အစိုးရသစ် အပေါ် ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အပြင်းအထန် ဝေဖန်မှုတွေလည်း ရှိနေတာကြောင့် ရုရှား အစိုးရ ဆီက လာတဲ့ စကားတွေက အမျိုးမျိုး ဖြစ်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

မနေ့က ကြာသပတေးနေ့ အစောပိုင်း တုန်းကတော့ သမ္မတ ပူတင်က ရုရှား စစ်တပ်ကို ယူကရိန်း နယ်စပ်မှာ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဖို့ မမျှော်လင့်ဘဲ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ကိုယ်သူ တရားဝင် နိုင်ငံ အကြီးအကဲလို့ ဆက်လက် ပြောဆိုနေတဲ့ ၊ ရာထူးက ဖယ်ရှားခံရတဲ့ ယူကရိန်းသမ္မတ ဗစ်တာ ရာနူကိုဗစ်ချ်ကို ရုရှားက ခိုလှုံခွင့် ပေးထားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။