ရုရှားကတပ်အင်အားပြ ရန်စနေတယ်လို့ ယူကရိန်းယာယီသမ္မတပြော

  • 28 ဖေဖော်ဝါရီ 2014
Image caption ယာယီ သမ္မတ Oleksandr Turchynov

ရုရှားဟာ ခရိုင်းမီးယား ဒေသမှာ တပ်တွေ ချထားတယ်ပြီး လက်နက်ကိုင် ပဋိပက္ခမှာ ယူကရိန်း ပါဝင်လာအောင် ရန်စဖို့ ကြိုးစားနေတယ်လို့ ယူကရိန်း ယာယီ သမ္မတ Oleksandr Turchynov က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ယူကရိန်း ယာယီ အစိုးရက ရုရှား အစိုးရရဲ့ ရန်စမှုကို တုန့်ပြန်လာအောင် လုပ်နေပြီး ဒါမှသာ ခရိုင်းမီးယား ဒေသ ခွဲထွက်ရေးကို ဖန်တီးနိုင်မှာ ဖြစ်တယ်လို့ သူ့ရဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အတည်ပြုလို့ မရသေးတဲ့ သတင်းတွေ အရ ရုရှား လေယာဉ်တွေနဲ့ တပ်သားတွေ ရာချီပြီး ဒေသတွင်း ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

ရုရှားကို သစ္စာခံတဲ့ လက်နက်ကိုင် တပ်တွေဟာ ခရိုင်းမီးယား ဒေသရဲ့ အချက်အချာကျတဲ့ ဒေသတွေမှာ နေရာယူထားတယ်လို့ သိရပါတယ်။