အစိုးရရုံးတွေ လည်ပတ်လို့မရအောင် လုပ်တော့မယ်

  • 1 မတ် 2014
ဓာတ်ပုံ မူပိုင် REUTERS
Image caption ဆန္ဒပြခေါင်းဆောင် Suthep Thaugsuban

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ တလကျော်ကြာ လမ်းပိတ်ဆို့ ဆန္ဒပြမှုတွေကို ရပ်တော့မယ်လို့ ဝန်ကြီးချုပ်ကို ရာထူးက ဖယ်ရှားဖို့ ကြိုးစားနေတဲ့ ဆန္ဒပြ ခေါင်းဆောင် Suthep Thaugsuban က ပြောပါတယ်။

အဓိက လမ်းဆုံလမ်းမကြီးတွေမှာ ဆန္ဒပြမှုတွေကြောင့် သွားလာရေး ခက်ခဲရတာကို လွယ်ကူချောမွေ့သွားစေဖို့ ဖြစ်တယ်လို့ သူက ဆိုပြီး ဆန္ဒပြတဲ့ နေရာတော်တော်များများမှာလည်း လူတွေ သိသိသာသာလျော့ကျသွားပါတယ်။

ဆန္ဒပြမှုတွေကြောင့် ပိတ်ပစ်ခဲ့ရပြီး အခုအခါ ပြန်ဖွင့်လာကြတဲ့ အစိုးရရုံးတွေ အလုပ်လုပ်လို့ မရတော့အောင် အဓိကထား လှုပ်ရှားသွားမယ်လို့ မစ္စတာ ဆူထေ့ပ်က ပြောပါတယ်။

ဆန္ဒပြသမားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဝန်ကြီးချုပ် ယဉ်လတ် ရှင်နာဝပ် ရာထူးက နုတ်ထွက်သွားအောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။