ရုရှက စစ်ကြေညာနေတာလို့ ယူကရိန်း အစိုးရသစ်ပြော

  • 2 မတ် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ခရိုင်းမီးယားက ရုရှစစ်သားတွေ

ရုရှနိုင်ငံဟာ ယူကရိန်းနိုင်ငံကို စစ်ကြေညာနေတယ်လို့ ယူကရိန်း ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် Arseniy Yatsenyuk အာဆန်နီ ယာဆန်ယုက စွပ်စွဲပြောကြားခဲ့ပြီး ရုရှစစ်တပ်ကို ပြန်ရုတ်ဖို့ သမ္မတပူတင်ကို သူက တိုက်တွန်းလိုက်ပါတယ်။

ရုရှနဲ့ ယူကရိန်းကြား သဘောတူ လက်မှတ်ထိုးထားတဲ့ အပြန်အလှန် သဘောတူညီချက်တွေနဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ရုရှားစစ်တပ်ရုတ်သိမ်းဖို့ တိုက်တွန်ကြောင်း ယူကရိန်းကြားဖြတ်အစိုးရ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ယူကရိန်တပ်ဖွဲ့တွေကတော့ စတိုက်မှာ မဟုတ်ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကို အပြည့်အ၀တိုက်ပွဲဝင်ဖို့ အသင့်အနေအထား တပ်လှန့်ထားပြီး အရံတပ်ဖွဲ့ဝင်တွေကို ခေါ်ယူထားတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

Image caption အဝိုင်းခံနေရတဲ့ ယူကရိန်းစစ်သားတွေ

ခရိုင်မီးယား ဒေသမှာ အဝိုင်းခံနေရတဲ့ ယူကရိန်းတပ်ဖွဲ့ ၃ ခုကို ထွက်ပေါက်ပေးဖို့ ယူကရိန်းအာဏာပိုင်တွေက တောင်းဆိုနေပါတယ်။

ခရိုင်မီးယားက Feodosia ဒေသမှာရှိတဲ့ ကမ်းတက်တပ်ဖွဲ့အခြေစိုက်စခန်းကို ရုရှလိုလားတဲ့ ခရိုင်းမီးယားဒေသခံလူအုပ်စုတခုက ဝိုင်းထားပြီး ခရိုင်မီးယားဒေသ အစိုးရ အဖွဲ့သစ်ကို သစ္စာခံဖို့ တောင်းဆိုနေကြပါတယ်။

ခရိုင်မီးယားကျွန်ဆွယ်မှာ ရုရှစစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုရှိနေပြီး ကမ်းလွန်ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေကို လည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ်အနီး ရုရှဘက်ခြမ်းမှာ ရုရှစစ်သားတွေ ကတုတ်ကျင်းတွေ တူးနေတာကို ဘီဘီစီ သတင်းထောက်က မြင်တွေ့ခဲ့ရပါတယ်။

နေတိုးအဖွဲ့ကတော့ ခရိုင်မီးယာမှာ ရုရှားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုဟာ ဥရောပ လုံခြုံရေးနဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ရုရှားတို့ဟာ G 8 စက်မှု ထိပ်သီး၈ နိုင်ငံ အဖွဲ့ဝင် နိုင်ငံအဖြစ်ကို ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ