လော့စ်အိန်ဂျလိစ်မှာ လုပ်တဲ့ အော်စကာဆုပေးပွဲ

  • 3 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption Twelve Years a Slave အဖွဲ့သားတွေ အောင်ပွဲခံစဉ်

လော့စ်အိန်ဂျလိစ် မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ၈၆ ကြိမ်မြောက် အော်စကာဆု ပေးပွဲမှာ ဗြိတိသျှ လူမည်းဒါရိုက်တာ Steve McQueen ရဲ့ လက်ရာ Twelve Years a Slave ဇာတ်ကားဟာ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိသွားပြီး လူမည်း ဒါရိုက်တာ ရိုက်ကူးတဲ့ ပထမဆုံး အော်စကာဆုရ ရုပ်ရှင်အဖြစ် စာရင်းဝင်သွားပါတယ်။

ဒီဇာတ်ကားထဲက ကင်ညာလူမျိုး သရုပ်ဆောင် Lupita Nyong'o ကလည်း အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဆွတ်ခူးခဲ့သလို၊ John Ridley ဟာလည်းပဲ အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆုကို ရရှိခဲ့ပါတယ်။

အာကာသ သည်းထိတ်ရင်ဖိုကား Gravity ကတော့ မက္ကဆီကန် လူမျိုး ဒါရိုက်တာ Alfonso Cuaron ဆွတ်ခူးတဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ၇ ဆု ရသွားပါတယ်။

Matthew McConaughey က အကောင်းဆုံး အမျိုးသားဆုနဲ့ Jared Leto က ဇာတ်ပို့ အမျိုးသားဆုတို့ အသီးသီး ရရှိခဲ့တဲ့ Dallas Buyers Club ဇာတ်ကားဟာလည်း အောင်မြင်တယ်လို့ ဆိုရမှာပါ။

အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ Blue Jasmine ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ Cate Blanchett က ရရှိသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ