ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ရုရှ ရာဇသံပေး

  • 3 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ခရိုင်းမီးယားမှာ ယူကရိန်းတပ်ဖွဲ့တွေ ထိန်းချုပ်ခံထားရ

ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသမှာရှိတဲ့ ယူကရိန်း တပ်ဖွဲ့တွေကို အင်္ဂါနေ့ မနက် အစောပိုင်း GMT ၃ နာရီ မတိုင်မီ လက်နက်ချဖို့ ရုရှားဘက်က ရာဇသံ ပေးလိုက်ပါတယ်။

ယူကရိန်းရဲ့ ယာယီ ဝန်ကြီးချုပ် Arseniy Yatsenyuk ကတော့ သူတို့ပိုင် ခရိုင်းမီးယားဒေသကို ဘယ်သူ့လက်ထဲမှ ထည့်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်း စစ်အခြေစိုက် စခန်းတွေကို ရပ်ရှားတပ်တွေ ဝိုင်းထားပြီး လမ်းတွေကိုလည်း ပိတ်ဆို့ထားကာ ခရိုင်းမီးယားဒေသကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားပါတယ်။

ခရိုင်းမီးယားရဲ့ အစွန်ဆုံးက ကူးတို့ဆိပ်ကမ်းမြို့ ဖြစ်တဲ့ Kerch ကို လည်း ရုရှား လိုလားတဲ့ လက်နက်ကိုင်တပ်တွေက ထိန်းချူပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ