အီဂျစ်မှာ ဟားမတ်စ် အဖွဲ့ကို ပိတ်ပင်

  • 4 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီလက်ထက်က ဟားမတ်စ်ခေါင်းဆောင် (ဝဲ)လာရောက်စဉ်။

အီဂျစ်နိုင်ငံမှာ ပါလက်စတိုင်း လက်နက်ကိုင် အုပ်စု ဟားမတ်စ်ကို ဘယ်လို လှုပ်ရှားမှုမျိုးမှ မလုပ်ရဘူးလို့ အီဂျစ် တရားရုံးက တားဆီး လိုက်ပြီး ဟားမတ်စ်ရဲ့ ရုံးခန်းတွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။

ဟားမတ်စ်ဟာ အီဂျစ်ရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့နဲ့ အဆက်အသွယ် ရှိနေတဲ့အတွက် အကြမ်းဖက် အဖွဲ့အနေနဲ့ သတ်မှတ်ပေးဖို့ အီဂျစ် ရှေ့နေ တစ်ဦးဖြစ်တဲ့ Sameer Sabry က တရားရုံးတော်ကို ဦးတိုက် လျှောက်ထားခဲ့ပြီး နောက်ပိုင်း ဒီလို ဆုံးဖြတ်ချက် ထွက်လာတာပါ။

အီဂျစ်မှာ မွတ်ဆလင် ညီနောင်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့ အနေနဲ့ မနှစ် ဒီဇင်ဘာကတည်းက သတ်မှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဟားမတ်စ် အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ Sami Abu-Zuhri ကတော့ အီဂျစ် တရားရုံးရဲ့ အဆုံးအဖြတ်ဟာ ပါလက်စတိုင်း အရေးကို ထိခိုက်စေတယ်လို့ ရှုတ်ချ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ